Thursday, July 17, 2014

ဖုန်းမှာလုပ်တဲ့ဆော့ဝဲလေးတွေကိုလုပ်ချင်တဲ့သူတွေအတွက်

ကျွန်တော်လည်းအခုတလောဖျားနေလို့မတင်ဖြစ်ဘူးဘူးဗျာ
ကျွန်တော်ရေနီပြန်ရောက်နေတော့လိုင်းလည်းမကောင်းဘူးဒါကြောင့်ပါ
ကျွန်တော်အခုတင်မဲ့ဆော့ဝဲလေးကဆော့ဝဲလေးတွေကိုကိုယ့်ဘက်သာတီထွင်ချင်တဲ့သူတွေအတွက်
အရမ်းကိုကောင်းတဲ့ဆော့ဝဲလေးပါ

Saturday, May 10, 2014

ဖုန်းအမျိုးအစားပေါင်း 1400 နီးပါး Root ဖောက်နိုင်တဲ့ - Root Assistant v1.7.0.1_700000 PC Version & Android Version

http://www.xda-developers.com/wp-content/uploads/2014/01/Root.jpg
Android User တွေနဲ့ Phone Service လုပ်သူတွေအတွက် Root Tool ကောင်းကောင်းလေးတစ်ခုတင်ပေး လိုက်ပါတယ်ဗျာ။ ကွန်ပြူတာနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်သလိုဘဲ ဖုန်းထဲမှာထည့်သွင်းပြီး Root ဖောက်နိုင်ဖို့ APK ပါ နှစ်မျိုးလုံးထည့်သွင်းပေးထားတာပါ။ အမျိုးအစားပေါင်း 1400နီးပါးကို Root ဖောက်နိုင်တယ်လို့ဆို ထားပါတယ်ဗျာ။ အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ပါနော်။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download PC  Download Apk


                www. PMA ShineHtet.com

Wednesday, May 7, 2014

Huawei phone များ Firmware တင်နည်း + Root လုပ်နည်းများ



 Huawei  ချည်းပဲ ခဏ ခဏမေးနေကြလို့ လိုအပ်တာတွေ အားလုံး စုစည်းပေးလိုက်ပါတယ်...။

သက်ဆိုင်သူအားလုံးလည်းကို Credit ပေးပါတယ်..။


သတိပြုရန်။ ။

 Frimware တင်ခြင်း ၊ Root လုပ်ခြင်း စသည်တို့သည် မိမိကျွမ်းကျင်မှုအပေါ်မူတည်သောကြောင့် ဖုန်းတစ်ခုခု ဖြစ်လျှင် မိမိတာဝန်သာဖြစ်သည်။


Huawei  Official Firmware (ROM) တွေကိုတော့ အောက်ပါ Link များမှ ဒေါင်းယူနိုင်ပါတယ်...။



(or)

ဒါကတော့  Huawei G610 Official ROM  တွေ...
 Build No ကိုရွေးပြီးဒေါင်းပါ..။

G610-T00,Android 4.2,V100R001CHNC01B122680959168

G6100-U00,Android 4.2,Emotion UI,V100R001CHNC17B126

G610-U00,Android 4.2,Emotion UI,V100R001CHNC17B127

G610-C00,Android 4.2,Emotion UI,V100R001C92B122


  Firmware (ROM) တင်နည်း

 ဒေါင်းလို့ ရလာတဲ့ Zip  ဖိုင်လ်ကို ဖြည်ပြီး အထဲက dload ဖိုလ်ဒါကို SD Card ထဲ COPY ကူးထည့်ပါ
ပြီးရင် SD Card ကို ဖုန်းထဲထည့်ပြီး ဖုန်းရဲ့ Vol-up + Vol-down  ကို ပြိုင်တူဖိနှိပ်ပြီး Power ကိုဖွင့်ပေးလိုက်ရင်သူဟာသူအော်တို Firmware တင်ပေးသွားမှာပါ...။

(SD Card ကောင်းဖို့ လိုအပ်ပါတယ် SD card မကောင်းရင် Firmware တင်တာမအောင်မြင်တတ်ပါဘူး)


 Root လုပ်နည်း

 ပထမဆုံး ကွန်ပျူတာက Huawei ကိုသိဖို့လိုပါတယ်  Huawei Driver ကို ဒီမှာ ဒေါင်းလိုက်ပါ..


ပြီးရင် ဒီ V Root Tool လေးနဲ့ အလွယ်တကူ Root နိုင်ပါတယ်...။


V-Root V1.4

  Root ဆိုတဲ့ အဲဒီအစိမ်းခလုတ်လေးကို နှိပ်လိုက်ပါ။ 


vroot-rooting 


vroot-rootsuccess


Root လုပ်လို့ အောင်မြင်သွားပြီးဆိုရင် အပေါ်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။

(Root ဖြစ်မဖြစ် သိချင်ရင် “Root Checker” ကို  Google PLAY store မှ ဒေါင်းယူ Install ပြီး စစ်ဆေးနိုင်ပါတယ်)။။


CWM  Recovery တင်နည်း 

 Mobileuncle Tool  ကို အရင်ဒေါင်းလိုက်ပါ....
  CWM recovery ဆိုတဲ့ RAR ကိုဖြည်ပါ...အဲဒီထဲက ထွက်လာတဲ့ recovery.img ဆိုတဲ့ ဖိုင်ကို SD Card ထဲကို Copy ကူးထားပါ. ပြီးရင် Mobileuncle tool.apk ကိုဖုန်းထဲကို install လုပ်ပါ
Mobileuncle Tool ကိုဖွင့်ပြီး အောက်က ပြထားတဲ့ပုံလေးတွေအတိုင်း အဆင့်ဆင့်
လုပ်ဆောင်လိုက်ပါခင်မျာ.....
 


ဒီအဆင့်ထိလုပ်ပြီးပြီဆိုရင် ဖုန်းက Reboot ကျသွားမှာပါ ပြန်တတ်လာရင်. CWM Recovery တင်လို့ပြီးပါပြီ။
  အဆင်ပြေမှာပါ..................ဒီ Post က Developer ကိုပြည့်စုံ (MobiMax) ဖြစ်ပါတယ်။ 

SD Card Slot ပျက်နေတဲ့ Huawei Phone တွေ Firmware ပြန်တင်နည်း

နောက်တစ်နည်းပါ …  ဒါကတော့ Firmware ပျက်နေတဲ့ဖုန်းတွေမှာ SD card Slot ပျက်နေရင် firmware  ပြန်တင်ရခက်ပါတယ်
ဒါကြောင့် Tool နဲ့တင်နည်းလေး တင်ပေးလိုက်ပါတယ် …ဒီပို့စ်လေးအတွက် ကိုသစ်ကပ်ပန်းကိုလဲကျေးဇူးတင်ပါတယ်ဗျာ.
ကဲလိုအပ်တာလေးကိုတော့ အောက်က Download Here မှာ ဒေါင်းသွားပါ..ဒေါင်းလို့ပြီးရင် ဒေါင်းထားတဲ့ဖိုင်လေးကို Zip ဖြည်လိုက်ပါ... ပြီးရင်တော့ Zip ဖြည်ပြီးရင်တော့ ဖိုင်ထဲမှာပါတဲ့ NewMultiDownloadU လေးကို run ပေးပါ Password တောင်းလာခဲ့ရင် Huawei လို့သာပစ်ထည့်လိုက် …. (ပွင့်သွားရော)  အပေါ်ဆုံးက Allow Upgrade …… ဆိုတာကြီးကို ကိုယ်နဲ့မဆိုင်သလိုမေ့ထားလိုက် …  ဆိုင်တာက Please Select File ဆိုတဲ့အပိုင်းပဲ... Firmware ဆိုတဲ့ဖိုင်နေရာမှာကိုယ်တင်ချင်တဲ့  UPDATE.APP ကိုထည့်ပေး… အောက်တစ်ကြောင်းမှာ   ဒေါင်းလုပ်ဆွဲတုန်း ကပါလာတဲ့ စာသုံးဖိုင်ထဲက  WH62406270ML01Ver1003(SmartPhone)ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပြီးတာနဲ့NEXT ရွေးပေးလိုက်ဗျာ …ခုဖုန်းကို Downloading mode  (Vol + & Vol – & Power) ၀င်ပြီး PC နဲ့ချိတ်ပါ … PC မှာသိပြီဆိုရင် Scan & Download ကိုနှိပ်ပေးလိုက်ပေတော့ … အားလုံးပြီးလို့ Phone မှာ Ok လို့ပြရင် Battery ဖြုတ်  ပြန်ပွင့်လာရင်ကောင်းသွားပြီမှတ် …Root ကတော့သက်ဆိုင်ရာနည်းတွေနဲ့သာကိုင်ပေတော့ …

HUAWEI G610-C00 (OFFICIAL FIRMWARE)


ဒါလေးကလည်း MEC Tel ထုတ် CDMA 800 + GSM သုံးချင်သူတွေ အကြိုက်တွေ့နေတဲ့ G610 (CDMA+GSM) ရဲ့ Official Firmware လေး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ   ဈေးကွက်လို အပ်ချက် အရဈးနှုန်းအနည်းငယ် ကြီးနေသေးပေမယ့်မကြာခင်မှာ ဈေးကျလာမယ်လို့ ယူဆရလို့ လူသုံးများလာနိုင်တဲ့ Huawei  Dual  Sim ဖုန်းတစ်လုံး  ဖြစ်ပါတယ် ။ လိုချင်ရင် အောက်မှာေ ဒါင်းယူနိုင်ပါ
တယ်
Download Link - download
ဒေါင်းပြီး ရလာသော Zip ဖိုင်ကိုဖြည်ပါ - ပြီးလျှင် dload ဖိုဒါကို ကော်ပီကူးပြီး SD ကဒ်ထဲထည့်ပါ - ပြီးလျှင်ဖုန်းထဲပြန်ထည့်ပါ - Vol down + Vol up + Power ကိုတွဲနှိပ်ပါ -- step1, step2 ပြီးလျှင်ပြီးဆုံးပြီဖြစ်သည်။ အားလုံးပဲအဆင်ပြေကြပါစေ။

ကျတော့် post တွေက copy လေးတွေပါ လိုအပ်မယ်တော့ထင်ပါတယ်

android သုံးသူများ သိသင့်သည် code များ

Backup လုပ်ရန်
*#*#273283*255*663282*#*#* -  {Backup လုပ်ရန်}
Service mode သို့ဝင်ရန်
*#*#197328640#*#* - {Service Mode သို့ဝင်ရန်}
Reset လုပ်ရန်
*2767*3855# –  {Factroy reset လုပ်ရန်}
(မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)


*#*#7780#*#* - {Factory Data reset လုပ်ရန်}
(မှတ်ချက် - Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account setting၊ install လုပ်ထားသော application၊ phone memory ထဲတွင် သိမ်းထားသော ဖုန်းနံပါတ်များ၊ ဖုန်းထဲတွင် Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်။)


Phone information ပိုင်းကြည့်ရန်
*#*#4636#*#*- {battery information & history, phone information, usage statistics}

Tuesday, May 6, 2014

Huawei Emotion UI ပါဝင်တဲ့ဖုန်းတွေအတွက် AndroIOS7Theme With MMFont

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်

အဲဒီ Theme မျိုးမိမိတို့ရဲ့ hauweiဖုန်းမှာပါတယ်ဆိုရင် default ပါတယ်ဆိုရင်အခုပြောမယ့်နည်းလေးနဲ့မြန်မာစာထည့်နိင်ပါတယ်။ Root လုပ်စရာမလိုပါဘူး။Root မလုပ်ချင်ဘဲဖုန်းမှာ မြန်မာစာပေါ်ချင်တဲ့သူတွေအတွက်အဆင်ပြေမှာပါ။လက်တလော မြန်မာပြည်ကိုရောက်နေတဲ့ Emotion UI သုံးထားတဲ့တခြားhuaweiဖုန်းတွေ (G510,C8813,U8950,y300.. etc) အစရှိတဲ့ဖုန်းတွေမှာလည်းဒီ Theme pack လေးနဲ့ မြန်မာစာထည့်နိုင်ပါတယ်။
 ပထမဆုံးလိုအပ်တာလေးကို အရင်ဒေါင်းလိုက်ပါ။
ဒေါင်းလို့ရလာတာလေးကို ဒီအတိုင်းပဲ SD Card သို့မဟုတ် Internal ထဲက
 HWThemes folder>>Diythemes ထဲမှာ ထည့်လိုက်ပါ။
ပြီးရင်ပြန်ထွက်ပြီး Themes ဆိုတဲ့ ထဲဝင်လိုက်ပါ။
အဲဒီမှာ Elegance ဆိုတဲ့ Themes ကို Apply ပေးလိုက်ပါ။
  Themes With Font လား  Themes Without Font လားမေးရင်
Themes With Font ကို ရွေးပေးလိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် မြန်မာစာFont တွေကိုသုံးလို့
ရပါပြီ။ Themes ပြန်ပြောင်းချင်ရင် ဒီတစ်ခါ Themes Without Font ကိုရွေးပေးပါ။
မြန်မာစာပြန်ပျောက်မသွားပါဘူး။ တခြား launcher တွေလည်းပြောင်းသုံးလို့ရပါတယ်။
မြန်မာစာ မပျောက်သွားပါဘူး။အဆင်ပြေပါစေဗျာ။